ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲမကျင်းပသော်လည်း ဆင်အကဖြင့်ဖျော်ဖြေမှုများရှိ

ကျောက်ဆည် အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ ရောက်ရှိပါက ဆင်အက အလှပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် ဆင်အကအလှ ပြိုင်ပွဲမကျင်းပခဲ့သော်လည်း ယမန်နေ့ ညနေ ၄နာရီက ဆင်အကဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ဆင်အကအလှပြိုင်ပွဲ မကျင်းပခဲ့သော်လည်း ကျောက်ဆည်နယ်သူနယ်သားဆင် အကအလှ ပြိုင်ပွဲဝင် ရောက်ခဲ့သူများအနေဖြင့် ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းအနေဖြင့် သော်လည်းကောင်း အစဉ်အလာ ထိန်းသိမ်းသည့် အနေဖြင့်သော်လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆင်အကဖြင့် ဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒီနှစ်မှာတော့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေတဲ့ကာလဆိုတော့ ကျွန်တော်တို့ ဆင်အကအဖွဲ့အနေနဲ့ ကျောက်ဆည် မြို့ ၊ မြို့မဈေးကြီးကို(၃)ပတ်ပြည့်အောင် ဈေးပိတ်ချိန်(၄)နာရီကျော်မှ ဆင်အကများဖြင့် ဈေးထောင့််(၄) နေရာ မှာ  ဥဒိန်နနတ်မင်းကို ဦးတိုက်ရိုသေ အကများနဲ့ကပြဖျော်ဖြေခဲ့ကြောင်း ဆင်အကအဖွဲ့ ရွှေအိုးဆင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားချက်ရ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)