စစ်ကိုင်း အောက်တိုဘာ ၃၁
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွင်း မျိုးကွဲပယ်ခြင်း ဒုတိယအကြိမ်လက်တွေ့ပြသခြင်းကို ပဲကတိုးကျေးရွာတောင်သူ ဦးဇော်မင်း၏ ဆင်းသုခ မျိုးစေ့ထုတ် စိုက်ကွင်းတွင် ယမန်နေ့ ညနေပိုင်းက တောင်သူများအား လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။
"ပန်းပွင့်ချိန်မှာ ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် လက်တွေ့ဆောင်ရွက်ပြသပေးတာပါ ဒီအချိန်က အလွန် အင်မတန် အရေးကြီးပါတယ် မျိုးကွဲပယ်ခြင်းစနစ်တကျဖြစ်မှ မျိုးကောင်း မျိုးသန့်စေ့များရရှိမှာ ပျိုးပင်ပေါက်ချိန်မှ ရိတ်သိမ်းသည် အထိ ပေါင်းမြက်ကင်းရှင်မှာသာလျှင် မျိုးကောင်းရရှိလာနိုင်မှာပါ စတင်စိုက်ပျိုးစဉ်ကတည်းက ခြောက်တန်းစိုက် တစ်တန်းလှပ် စိုက်ပျိုးရပါ တယ် အခုလိုမျိုးကွဲပယ်တဲ့အခါ စိုက်ခင်းအတွင်းသွားလာရေးလယ်ကူပါတယ် သီးနှံတွေလည်း မထိခိုက် တော့ပါဘူး"ဟု မြိုနယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးကပြောကြားချက်အရ သိရှိရသည်။
စစ်ကိုင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၆၂၀၀)ဧက ရှိသည့်အနက် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၃၇၀)ဧက ကို ကျေးရွာပေါင်း(၂၈)ရွာမှ တောင်သူ(၁၂၇)ဦးတို့က စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)