ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေး

ဝမ်းတွင်း အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများအနေဖြင့် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများနှင့် အသက် (၆၀)နှစ်အထက် အဖိုးအဖွားများလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင် ဆန္ဒမဲများ လာရောက် ပေးလျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့်၂၀၂၀ပြည်နှစ် အောက်တိုဘာလ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများတွင် ဆန္ဒမဲများပေးနိုင်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကြိုတင်ဆန္ဒမဲများ ပေးရာတွင် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မဲရုံများသို့မလာရောက်နိုင်သော သက်ကြီးအဖိုး၊ အဖွားများအား အိမ်တိုင်ရာ ရောက်လိုက်လံ၍ ဆန္ဒမဲများပေးနိုင် အောင်စီစဉ်ဆောင်ရွက် လျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် မဲရုံပေါင်း(၃၁၈)ရုံ၊ ဆန္ဒမဲပေးခွင့် ရှိသူ စုစုပေါင်း(၁၉၄၇၁၃)ဦးနှင့် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ (၃၅၀၀၀) ဦး ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)