မရမ်းကုန်း အောက်တိုဘာ ၃၁
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်နေသည့် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများအရေးပေါ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်များအတွက် ခရီးဆောင် OXYGEN ဗူးများအား မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ ခရီးဆောင် OXYGEN ဗူးများကို YP7 Company Limited အုပ်ချုပ်မှုဒါရိုက်တာ ဦးရူပမိသားစု က ခရိုင်အုပ်ချုပ်ရေးရုံးနှင့် ခရိုင်အတွင်းရှိမြို့နယ်(၁၂)မြို့နယ်အတွက် တစ်မြို့နယ်လျှင် တစ်ဗူးနှုန်းဖြင့် လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်မှ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)