မလှိုင်မြို့နယ်၌ အသက်(၆၀)နှစ် အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲလာရောက်ပေး

မလှိုင် အောက်တိုဘာ ၃၁

၂ဝ၂ဝပြည့်နှစ် ၊နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မလှိုင်မြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်အသီးသီး အတွက် အသက် (၆၀) နှစ် အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေခြင်းကို အောက်တိုဘာ (၂၉) ရက်နေ့မှ နိုဝင်ဘာ (၅ )ရက်နေ့အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၄)နာရီအထိ ကြိုတင်မဲများလက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရေငံကျေးရွာအုပ်စု ၊ ရွှေပေါ်ကျွန်းကျေးရွာ ကော်မရှင်ရုံးတွင် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲ များ လာရောက်ပေးခဲ့ကြောင်း သိရသည် ။

အဆိုပါနေ့က ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ အဘိုးအဘွားများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များ နှင့်အညီ လက်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ မှ နေပြီး တစ်ဦးချင်း အလှည့်ကျ စနစ်ဖြင့် ကြိုတင်မဲများပေးခဲ့ကြပြီး တစ်မြို့နယ်လုံးတွင် အသက်(၆ဝ) နှစ် အထက်နှင့်ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူ ပေါင်း(၂ဝဝဝဝ )ကျော်ရှိ ကြောင်းသိရသည် ။

မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ခု ၊ ကျေးရွာအုပ်စု(၅၂) အုပ်စုရှိပြီး မဲဆန္ဒနယ်‌မြေ(၁)တွင် မဲရုံ(၁ဝ၄) ရုံ၊ မဲဆန္ဒနယ်‌မြေ(၂ )တွင် မဲရုံ(၁ဝ၆) ရုံ၊ စုစုပေါင်း မဲရုံ( ၂၁ဝ) ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပေါင်းမှာ (၁၂၂ဝဝဝ ) ကျော်ရှိကြောင်း သိရသည် ။

အောင်ဌေး(မလှိုင်)