အလုံ အောက်တိုဘာ ၃၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများတွင် အသုံးပြုရန်နှင့် အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က နေ့လယ်စာ ထမင်းဘူး (၁၅၀)ဘူး နှင့် အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် စောတောင်ရပ်ကွက်၊ ငုဝါလမ်းမှ ဦးကျင်ဝင်းအားရည်စူး ၍ ဒေါ်သန်းသန်းအေး မိသားစုနှင့် ဦး၀င်းထွဋ်နှင့် ဒေါ်တင်ဌေးဝေ၊ သမီး မအိမ့်ချိုမြတ်မိသားစုမှ နေ့လယ်စာ ထမင်းဘူး (၁၅၀)ဘူး၊ စောရန်ပိုင်တောင်ရပ်ကွက် ၊ နှင်းဆီလမ်းမှ ဒေါ်ချိုယဉ်၊ ဒေါ်မိမိယဉ် (ညီမ)မှ အလှူငွေ (၅၀၀၀၀) ကျပ်တို့ကိုလာရောက် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က (၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်း သိရသည်။
တင်တင်ချို(အလုံ)