ဝက်လက်မြို့နယ်သို့ပြည်ပရောက် မဲဆန္ဒရှင်များကဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲ စာအိတ်များ ရေတွက်ခြင်း ၊ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များကို ချိတ်ပိတ်ထားသော မဲပုံးအတွင်းထည့်ခြင်းများ ဆောင်ရွက်

ဝက်လက် အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မဲဆန္ဒနယ်ပြည်ပရောက်ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များ ရေတွက်ခြင်း ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များကို ချိတ်ပိတ်ထားသော မဲပုံးအတွင်း ရေတွက်ပြီး ထည့်ခြင်းများကို ယမန်နေ့ နံနက် ၁ဝနာရီ အချိန်က မြို့နယ်အထွေထွေ‌အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ  အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းက ဝက်လက်မြို့နယ် မဲဆန္ဒနယ်ပြည်ပရောက် ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များကို ချိတ်ပိတ်ထားသော မဲပုံးအတွင်း ရေတွက်ပြီး ထည့်ခြင်းများနှင့် ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ်ပြည်ပရောက်   စင်္ကာပူနိုင်ငံက ဆန္ဒမဲစာအိတ်(၁၁၆) ၊ ကိုရီးယားနိုင်ငံ ဆိုးလ်က ဆန္ဒမဲစာအိတ်(၁၂၅)၊ ထိုင်းနိုင်ငံ ဘန်ကောက် ဆန္ဒမဲစာအိတ်(၁၁၁)၊ ဂျပန်နိုင်ငံ တိုကျို ဆန္ဒမဲစာအိတ် (၃၆)၊ ဟောင်ကောင်က ဆန္ဒမဲစာအိတ်(၃)၊ ဘရူနိုင်းနိုင်ငံက ဆန္ဒမဲစာအိတ်(၃)၊ ဆန္ဒမဲစာအိတ်ပေါင်း (၃၉၄)ရှိ ကြောင်းနှင့် အဆိုပါ မဲဆန္ဒနယ်ပြည်ပရောက် ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များ မဲပုံးအတွင်း ထည့်သွင်း ခြင်းကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်လေးနှင့် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြသည်။

ဥမ္မာဝင်း(ဝက်လက်)