ပန်ဆိုင်း(ကြူကုတ်)မြို့တွင်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသ

ပန်ဆိုင်း အောက်တိုဘာ   ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း (ကြူကုတ်)မြို့ မြို့ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူများနှင့် အဖွဲ့ဝင်များကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ) စာသင်ကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ  ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများနှင့် မဲရုံအဖွဲ့ဝင်များက မဲပေးပုံအဆင့်ဆင့်အား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လက်တွေ့သရုပ် ဇာတ်တိုက် လေ့ကျင့်နေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နယ်မြေ အလိုက် တာဝန်ကျ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများက လာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)