မန္တလေး အောက်တိုဘာ ၃၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၈)ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုးအဘွားများက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၈နာရီကစတင်၍ အဆိုပါ ဘိုးဘွားရိပ်သာအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး(၁၄)ဦး၊ အဘွား(၅၈)ဦး စုစုပေါင်း(၇၂)ဦးနှင့် ဘိုးဘွားရိပ်သာ ဝန်ထမ်းများ ၏ မိဘများဖြစ်ကြသော အသက်(၆၀) နှစ်နှင့် အထက်ရှိသူ ကျား(၃)ဦး၊မ(၅)ဦး စုစုပေါင်း (၈)ဦးတို့ကို ဆန္ဒမဲပေးနိုင်ရန်အတွက် ဥပုသ်တော်ရပ်ကွက် ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များက ဘိုးဘွားရိပ်သာအတွင်း သွားရောက်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)