လယ်ဝေး အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အမှတ်(၆)ရပ်ကွက်၊ မြို့သစ်(၄)လမ်းတွင် ယနေ့နံနက် (၁၀)နာရီခွဲ အချိန်ခန့်က မီးပလပ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းပြီး နေအိမ်တစ်လုံးမှာ တစ်ဝက်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော်မီးသတ်စခန်းမှ LEVEL (1) အဆင့်ရှိ မီးသတ်ယာဉ်များနှင့် လယ်ဝေးမီးသတ်စခန်းမှ မီးသတ်ယာဉ်များ စုစုပေါင်း(၁၅)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၇၅)ဦးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြပြီး နံနက်(၁၁)နာရီ၊ (၁၀)မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှု စတင်ဖြစ်ပွားသည့် အိမ်ရှင် အား လယ်ဝေးမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)