တွန်းဇံ နိုဝင်ဘာ ၁
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် တွန်းဇံမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ကြိုတင် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလ အတွင်း မိမိမြို့နယ်အတွင်းရှိ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံနှင့် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေးအတွက် လုံခြုံရေး လုပ်ငန်းများထမ်းဆောင်ရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ကြိုဆန္ဒမဲများပေးလျက်ရှိသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများကို တွန်းဇံမြို့မစခန်းရှိ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များက ကြိုဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)