လမိုင်းမြို့ မြို့မ(၂)ရပ်ကွက်၊ အမှတ်(၁)မဲရုံနှင့် အမှတ်(၂)မဲရုံတွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၃၂၇)ဦးရှိ

လမိုင်း     နိုဝင်ဘာ    ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မြို့မ(၂)ရပ်ကွက်၊ အမှတ်(၁)မဲရုံနှင့် အမှတ်(၂)မဲရုံတွင် အသက်(၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ (၃၂၇)ဦး ရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အဆိုပါ မြို့မ(၂)၊ အမှတ်(၁)မဲရုံနှင့် အမှတ်(၂)မဲရုံတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၃၅၈၀ ) ဦးရှိပြီး အသက်(၆၀) နှစ် နှင့် အထက်ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ( ၃၂၇) ဦး ရှိကာ ကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင်သွားရောက်ပေးနိုင်ပြီး ကျန်မာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင်မဲ ပေးနိုင်ရန်စီ စဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လမိုင်း(ပြန်/ဆက်)