ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သံတောင်ကြီး နိုဝင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ    အောင်မြင် စွာ  ကျင်းပနိုင်ရေးအတွက်     မြို့နယ်ရွေးကောက်ပွဲ    ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောကားရှယ်က ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်များ အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ ၊ မဲရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်နိုင်ရေး၊ မဲရုံများတွင်တာဝန်ယူဆောင်ရွက်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက်    တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး    မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ     အတွင်းရေးမှူး    ဦးစောတီမသေ က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက်  တာဝန်ယူဆောင်ရွက်ရမည့်   လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေသွေးနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်များ က   ရွေးကောက်ပွဲကျင်းပချိန်တွင် ကိုဗစ်-၁၉ရောဂါ ကြို တင်ကာကွယ်ရန်အတွက်   ဆောင်ရွက်သွားမည့် အစီအမံများ၊ မဲဆန္ဒရှင်များစနစ်တစ်ကျ ဆန္ဒမဲများပေးနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ  ၊ မဲရုံများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ဆောင်ရွက်ရမည့် ကဏ္ဍများအား ဝိုင်းဝန်းဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)