ရပ်စောက်မြို့နယ်ရှိ သုခကာရီဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

ရပ်စောက် နိုဝင်ဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ဈေးတန်းရပ်ကွက်ရှိ သုခကာရီဘိုးဘွားရိပ်သာမှ အဘိုးအဘွားများသည် ယမန်နေ့ မွန်းလွဲ(၃) နာရီခန့်က ဘိုးဘွားရိပ်သာအတွင်း၌  ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မဲပေးနိုင်ရန်အတွက် ဈေးတန်းရပ်ကွက် ကြိုတင်ဆန္ဒမဲကောက်ယူရေး အဖွဲ့မှ ဘိုးဘွားရိပ်သာအတွင်း သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ သုခကာရီဘိုးဘွားရိပ်သာမှ အဘိုး(၅)ဦး၊ အဘွား(၁၈) ဦး စုစုပေါင်း(၂၃) ဦး မဲပေးခဲ့ကြောင်းနှင့် ဈေးတန်းရပ်ကွက်တွင် (၂၉.၁၀.၂၀၂၀) ရက်နေ့မှ (၃၁.၁၀.၂၀၂၀) ရက်နေ့ အထိ အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးသူ (၅၀၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)