ကျိုက်မရော မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်းလာရောက်ကြည့်ရူသူ ၂၆၁၀၀ဦးရှိ
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကိုဇူလိုင်လ၂၅ရက်နေ့မှ စတင်၍သြဂုတ်လ၁၄ရက် ထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံး(၄၇)ရုံးတို့တွင်ကပ်ထားကြေငြာပေးလျက် ရှိရာ ယနေ့အချိန်ထိမဲစာရင်း လာရောက်ကြည့် ရူသူ(၂၆၁၀၀)ဦးပြီးဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။