မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ

မြို့သစ်    နိုဝင်ဘာ ၃

မကွေးခရိုင်  ၊  မြို့သစ်မြို့နယ်အတွင်းရှိ FQများတွင် ထားရှိသည့် ရန်ကုန်မှပြန်လာသူ(၉၇)ဦး အား (၁ - ၁၁ -၂၀၂၀ )ရက်နေ့က  နှာခေါင်းနှင့်အာခေါင်တို့ဖတ်ရယူ၍   မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးခဲ့ရာ မြေပြင်သာFQမှ(မ)(၃)ဦး ၊  ပုတီးကုန်းကျေးရွာ FQမှ(မ) (၁) ဦးတို့ တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။

အဆိုပါCOVID-19ရောဂါပိုးတွေ့များသည် ရန်ကုန်မြို့မှပြန်လာသူများဖြစ်ပြီး ၎င်းတို့၏ ကျေးရွာ FQ တွင် အသွားအလာကန့်သတ်ထားရှိခဲ့ကာ နိုဝင်ဘာလ (၁ )ရက်နေ့က Swab နမူနာယူ၍  ပေး ပို့ခဲ့ရာတွင် (Covid-19)ရောဂါပိုး (Positive)တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို ပိုးတွေ့အတည်ပြုလူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်း ညွှန်ချက်များနှင့်အညီ  မြို့သစ်မြို့ဆေးရုံဝင်းအတွင်းရှိ  သီးသန့်(၄)ထပ်ဆောင်တွင်  ထားရှိသွား မည်ဖြစ်ပြီး လက်ရှိအချိန်တွင်လူနာမှာကျန်းမာရေးအခြေအ​နေကောင်းမွန်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မြို့နယ် (ပြန်/ဆက်)