ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ကို ယနေ့ နံနက်ပိုင်းမှစ၍  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ဆောင်ရွက်ပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အမျိုးသမီးသူနာပြုဆရာမကြီး ဒေါ်အေးအေးသင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ ‌ဆီးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်အားဆေးများတိုက်ကျွေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ  ဒေသန္တရဆေးပေးခန်းနှင့် ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)