ကျိုင်းတုံမြို့၌ ဆန္ဒမဲလက်မှတ်များ နှင့်မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးမည့် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ယနေ့ နံနက်ပိုင်းမှစ၍ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် အိမ်အလှစိုက်ပန်းပင်များ စိုက်ပျိုးသူများပြားပြီး အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ဥယျာဉ်ခြံမြေများတွင် အိမ်အလှ စိုက်ပန်း ပျိုးပင်များကိုစိုက်ပျိုးထားရှိရာ ဖြစ်ထွန်းအောင်မြင်လျှက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ အသက် (၆၀) နှစ် အထက်ရှိသူများနှင့် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကာလ အောက်တိုဘာလ (၂၉) ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ် အထက်ရှိသူများနှင့် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများသို့ သွားရောက်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရှိရသည်။

လွိုင်လင်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္ထရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ (၃)နာရီက တောင်ကြီး-လွိုင်လင်- နမ့်စန် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖွဲ့ဝင် သင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖွဲ့ဝင် သင်တန်းကို ယနေ့နံနက် ၉ နာရီခန့်က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပသည်။

နောင်းမီကျေးရွာ၌ ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ် တစ်ထပ် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နောင်းမီကျေးရွာ၌ ယနေ့နံနက် (၁၀) နာရီခွဲတွင် ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ် တစ်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက်၊ သား၊ငါးအခြေခံစား သောက်ကုန် များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက် လိုက်လံ ရောင်းချ

ရန်ကုန်အ​​ ရှေ့ပိုင်းခရိုင်၊ ​သင်္ဃန်းကျွန်း မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာ သောဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက်

ကျိုင်းတောင်းမြို့တွင် မဲရုံများမီးဘေးလုံခြုံရေးစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများ‌ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများ‌ဆောင်ရွက်ထားရှိမှု အခြေအနေအား ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများပေး

နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများ စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ပန်ဟိုက်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to