ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲနေ့တွင် အသုံးပြုရန် ဆန္ဒမဲ လက်မှတ်များ ထုတ်ပေးလျက်ရှိ

ဇီးကုန်း  နိုဝင်ဘာ

နိုဝင်ဘာ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း ဒေသကြီး၊ ဇီးကုန်းမြို့နယ်၌ ဖွင့်လှစ်ထားရှိမည့် မဲရုံများတွင် အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များ၊ ဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲများသို့ ယနေ့နံနက် ၉ နာရီခွဲမှ စတင်ထုတ်ပေးလျက် ရှိသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်မိုးဦးနှင့် အတွင်းရေးမှူး ဒေါ်ဆုသန္တာတို့မှ ကြီးကြပ်၍ အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား တိုက်ဆိုင်စစ်ဆေးခြင်းနှင့် သတင်းတု၊ သတင်းယောင်များ ပျံ့နှံ့မှုကိုတားဆီးခြင်း လက်ကမ်း စာစောင်များနှင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများကို စနစ်တကျ ထုတ်ပေး လျက်ရှိရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများက လာရောက်ထုတ်ယူလျက်ရှိသည်။

ယနေ့တွင် ဇီးကုန်းမြို့နယ် အနောက်ဖက်ခြမ်း မဲဆန္ဒနယ်အမှတ်()ရှိ  မြို့ပေါ်ရပ်ကွက်()ခုနှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုမှ မဲရုံပေါင်း (၂၇)ရုံအတွက် အဆိုပါပစ္စည်းများကို ထုတ်ပေးလျက်ရှိပြီး၊ နိုဝင်ဘာ  ရက်နေ့တွင် မြို့အရှေ့ ဖက်ခြမ်း မဲဆန္ဒနယ်အမှတ်()ရှိ ကျေးရွာအုပ်စု (၁၆)အုပ်စုမှ မဲရုံ (၂၈) ရုံအတွက် ဆက်လက် ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၄) အုပ်စုရှိပြီး၊ မဲရုံပေါင်း(၅၅) ရုံတွင် တိုင်းရင်းသားရေးရာ မဲရုံ(၁၁)ရုံနှင့် မဲရုံအဖွဲ့ဝင် (၇၈၉)ဦးဖြင့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၅၇၄၆၅) ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ(၇၃၇)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)