မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ကို​ဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၃၂)ဦး ဆေးရုံ ဆင်းခွင့်ရရှိ

မြို့သစ် နိုဝင်ဘာ ၃

မကွေးခရိုင် ၊ မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံ(၄)ထပ်ဆောင်တွင် ဆေးကုသမှုခံယူနေသော ရန်ကုန် မြို့မှ ပြန်လာသည့်   ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၃၂)ဦးသည် ကျန်းမာရေး ကောင်းမွန်သည့် အတွက်ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အတည်ပြုလူနာ(၃၂)ဦးမှာ ရန်ကုန်မြို့မှပြန်လာသူများဖြစ်ပြီး အထက(၁)FQမှ(မ)(၂)ဦး၊ ဖုတ် ကုန်းကျေးရွာFQမှ (မ)(၂)ဦး ၊  မကြီးကန်ကျေးရွာFQမှ(မ)(၄)ဦး ၊ကြို့ကျောင်းကုန်းကျေးရွာ FQမှ(မ) (၃)ဦး၊ အုန်းပင်စုကျေးရွာ FQမှ (ကျား)(၁)ဦး ၊ မြို့လုလင်ကးရွာ FQမှ (ကျား)(၁) ဦး(မ)(၁)ဦး ၊  မကြီး ကုန်းလေးFQမှ(မ)(၁)ဦး ၊ တလင်းကုန်းကျေးရွာFQမှ(မ)(၂)ဦး ၊ပုဂံမျှော် ကျေးရွာ FQမှ(မ)(၁)ဦး၊ ယင်း နားကုန်းကျေးရွာFQမှ(မ)(၃)ဦး ၊ ထန်းရင်းကျေးရွာFQမှ (မ)(၃)ဦး ၊တပ်ကုန်းကျေးရွာFQမှ(မ)(၂)ဦး ၊ ဆူးတပ်ကြီးကျေးရွာFQမှ(ကျား)(၁)ဦး ၊မကြီးချိုကျေးရွာမှ (ကျား)(၁)ဦး ၊ ဂွေးချိုကျေးရွာFQမှ (မ)(၁) ဦး  ၊  ထန်းတပင်ကျေးရွာ FQမှ(မ)(၂)ဦး ၊  မြင်သာ ကျေးရွာ FQမှ(မ)(၁)ဦး ၊    စုစုပေါင်း (၃၂)ဦးဖြစ်ပြီး ရန်ကုန်မြို့မှ မြို့သစ်မြို့နယ်သို့​ အောက်တိုဘာ (၄) ရက် ၊ (၉)ရက်၊ (၁၁)ရက် ၊  (၁၂) ရက်နေ့များတွင် ရောက်လာရှိခဲ့သူတွေဖြစ်ကြောင်း ၊  ပိုးတွေ့လူနာများကို ပြန်ရောက်လာသည့်နေ့မှစ၍ သက်ဆိုင်ရာ (FQ Center)စောင့်ကြည့်ရေး စခန်းများတွင်  အသွားအလာကန့်သတ် နေထိုင်စေခဲ့ပြီး အောက်တိုဘာ (၂၃)ရက်မှာ   ဓာတ်ခွဲနမူနာ ရယူကာ ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ( NHL )ကို ပေးပို့စစ်ဆေးခဲ့ရာမှ  ပိုးတွေ့ရှိသူများ  ဖြစ် ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မြင့်ထံမှ သိရသည်။

သန်းဝင်းထွန်း ( ပြန် / ဆက်)