ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား အဆိုပါရုံးတွင် ယနေ့ နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မဲရုံများအတွက် လိုအပ်သည့်ပစ္စည်းများ ရွေးကောက်ပွဲဆိုင်ရာ မဲရုံသုံးပစ္စည်းများ Gloves ၊ Surgical Grown ၊ PPE ၊ Face Shield ၊ Apron ၊ Hand Spray/Gel ၊ ပိုစတာ (က) ၊ ပိုစတာ(ခ) ၊ UDP ဗီနိုင်း ၊ Mask (IFES) ၊ တာရှည်ခံမှင်ဘူး တို့အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအလိုက် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးခြင်းဖြစ်ပြီး ထန်းတပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၃၅)အုပ်စု၌ မဲရုံ (၉၄)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)