တွံတေးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ကြိုတင်မဲပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ် အသွားအလာကန့်ကတ်​စောင့်ကြည့်စင်တာ (Quarantine Centre) များသို့  နံနက်စာ၊ ​နေ့လည်စာ၊ ​ည​နေစာတို့အတွက်  ထမင်းဘူးများနှင့် စား​​သောက်ဖွယ်များလာ​ရောက်လှူဒါန်း

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ နှင့်အ-ထ-က(၄)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့်နေရာများရှိ အသွားအလာကန့် သတ်ထားသူများ၊ ကျန်းမာ ရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က  နံနက်စာ၊ ​နေ့လည်စာ၊ ​ည​နေစာတို့အတွက်  ထမင်းဘူးများနှင့် စား​​သောက်ဖွယ်များလာ​ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန် ကျား(၅၂)ဦးနှင့်မ(၂၅)ဦး စုစုပေါင်း(၇၇)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေခဲ့ရသော အိမ်ထောင်စု(၆)စုအား ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လေဘေးသင့်နေအိမ်မှ မိသားစုနှင့် ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

သထုံမြို့နယ်တွင် ၅ ရက်တာကာလအတွင်း အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင် ၂၀၀၀၀ ကျော် ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူ‌များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ‌များက စီစဉ်သည့်နေရာများ၌ ကြိုတင်မဲများ ပေး‌နေကြလျက်ရှိရာ ယမန်နေ့ ညနေအထိ ၅ ရက်တာကာလအတွင်း မဲပေးပြီးသူစုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ(၂၀)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၂၀)ဦး ကျန်းမာရေး ကောင်းမွန်လာ၍ ယမန်နေ့ မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ သည် အောက်တိုဘာ ၂၉ ရက်မှစတင်၍ သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ရေဇွာမြို့၌ မဲရုံများအား မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တည်ငြိမ်အေးချမ်း စွာဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မြို့မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့Quarantine Centreရှိ ကန့်သတ်စောင့်ကြည့်သူများထံမှ နှာခေါင်းနှင့်အာခေါင် တို့ဖတ် နမူနာရယူခြင်း များဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်ထားသူ (၇၀) ဦးတို့ထံမှ နှာခေါင်းနှင့်အာခေါင် တို့ဖတ် Swapနမူနာ ရယူခြင်းကို နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၁၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to