ပေါက် နို၀င်ဘာ ၃
ပေါက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီမ ှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ရွေး ကောက်ပွဲနေ့၌ မဲရုံများတွင် တာ၀န်ထမ်းဆောင်မည့် ၀န်ထမ်းများ နှင့် အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်များက ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် သတ်မှတ်နေရာ အသီးသီးတွင် ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံတွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နို၀င်ဘာလ ၇ ရက်နေ့ထိ နေ့စဉ်နံနက် ရှစ်နာရီမှ ညနေခြောက်နာရီအတွင်း ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ကြောင်း သိရှိရသည်။
သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကျန်းမာရေးမကောင်းသူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး အတွက် အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပေါက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၇၅) အုပ်စုနဲ့ ရပ်ကွက်/ကျေးရွာပေါင်း ၂၃၉ ရှိပြီး အထွေ ထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲရုံပေါင်း ၂၁၃ ရုံထားရှိသွားမည်ဖြစ်ကြောင်း၊ အ သက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲ ပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ ကျား/မ စုစုပေါင်းလူ ဦးရေ(၂၀၉၈၉) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဉာဏ်တိုး(ပေါက်)