မွန်ပြည်နယ် ရေးမြို့နယ်တွင် စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
ရေးမြို့နယ် အစင်ကျေးရွာအုပ်စု ဘုရားတောင်လမ်းဝ ဆိပ်ကလေးကျေးရွာတွင် သထုံ ငါးသားပေါက်စခန်းမှ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း ငါးသန်သားပေါက် ကောင်ရေ (၆၀၀၀၀)တို့အား စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။