မော်လမြိုင်မြို့၌အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင်ဆန္ဒမဲပေး

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊အောက်တိုဘာ(၁၉)ရက်မှ နိုဝင်ဘာလ(၅) ရက်နေ့ အထိ အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ် အတွင်း ကျေးရွာ/ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် သတ်မှတ်နေရာ အသီးသီးများ တွင်ပြုလုပ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

နောင်ချိုမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များလစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဖြစ်သော အသက်(၂)လမှ (၁၈)လအထိ ကလေးငယ်များအား ယနေ့ နံနက်(၉)နာရီ အချိန်က ကာကွယ်ဆေးထိုးနှံခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မဲရုံများတွင် ကျန်းမာရေးတာဝန်ကျသူများ လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းများ သင်တန်းပို့ချ

မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် လုပ်ငန်း တာဝန်များ ဆောင်ရွက်ကြမည့် မဲရုံဝန်ထမ်းများ နှင့် လုပ်အားပေးများ လိုက်နာ ဆောင်ရွက် ရမည့်လုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန် နေ့က ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခလုပ်ကျေးရွာ ဓာတ်အားခွဲရုံ ဆောင်ရွက်ပြီးစီးမှုကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တွံတေးမြို့နယ်အတွင်းရှိ ခလုပ်ကျေးရွာအုပ်စု၊ ခလုပ်ကျေးရွာ ခလုပ်ဓာတ်အားခွဲရုံအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

နမ့်ဆန်၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် နေထိုင်သူများအား ကြိုတင်ဆန္ဒမဲကောက်ယူ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ(၁)ရက်နေ့ကစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့မွန်းလွဲ(၁)နာရီက မင်္ဂလာရပ်ကွက်တွင် နေထိုင်ပြီး မန်ပန်ကျေးရွာ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း၌ စောင့်ကြပ်ကြည့်ရှုခံရသူ(၂)ဦးကို ကြိုတင်ဆန္ဒမဲကောက်ယူခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ မဲရုံသုံးပစ္စည်းများ ၊ ကိုဗစ်−၁၉ ကာကွယ်ရေးသုံးပစ္စည်း PPE ဝတ်စုံ များ ရပ်/ကျေး မဲရုံများအရောက် လိုက်လံဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ ၊ ကိုဗစ်−၁၉ ကာကွယ်ရေးသုံး ပစ္စည်း PPE ဝတ်စုံများအား ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ အရောက် ဖြန့်ဝေပေးခြင်းကို နိုဝင်ဘာ ၃ ရက်နေ့ နံနက်(၉)နာရီကမြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ အဖွဲ့ (၃) ဖွဲ့ခွဲ၍ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံး ပစ္စည်းများရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ထုတ်ပေး

သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်းများ နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက် / ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက်ပိုင်း တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်/‌ ‌ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးသူ ၁၅၄၆ ဦး ရှိပြီဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၁၅၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
Subscribe to