ကိုဗစ်-၁၉ ကာလအတွင်း အချိန်ပြည့်တာဝန်ထမ်းဆောင်ခဲ့သည့် စေတနာ့ဝန်ထမ်း(Volunteer) များအား ဂုဏ်ပြုခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း မြို့အဝင်/အထွက် မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်ပေးခဲ့ကြသော စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုခြင်းနှင့် အခြေခံစားကုန်များထောက်ပံ့ပေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၂ ဦးထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ ၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ် ကော်မတီမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ကျီခါးမြို့၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌တာ၀န်ထမ်းဆောင်ကြမည့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်/ထွက်ဂိတ်တွင် စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့အဝင်/ထွက်ဂိတ်တွင် စဉ်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထန်တလန်၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် သတလန်ကျေးရွာတွင် စပါးစိုက် လယ် ၂ ဧက ပျက်စီး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ သီခွန်သုမ်အုပ်စု၊ သတလန်ကျေးရွာတွင် ယမန်နေ့ ညနေ အချိန်တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် လဗာချောင်းရေကြီးကာ တောင်ကမ်းပါးပြိုကျပြီး စပါးစိုက်လယ် ၂ ဧက ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဝန်ထမ်းများ တာဝန်ကျမဲရုံသို့ သွားလာနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံဝန်ထမ်းများ တာဝန်ကျမဲရုံများသို့ သွားလာနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် တာ၀န်ရှိသူများက ရွာသစ်မြို့ရှိ မဲရုံ အသုံးပြုမည့်နေရာ၊ အဆောက်အဦများသို့ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င်နှင့် တာ၀န်ရှိသူများက ယမန် နေ့ ညနေပိုင််းက ရွာသစ်မြို့ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြိုတင် ဆန္ဒမဲပေး လုပ်ငန်းစဉ်များနှင့် မဲရုံ အသုံးပြုမည့် နေရာ၊ အဆောက်အဦ နေရာများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ နိုင်ငံခြားကြိုတင်မဲလက်မှတ်များအား မဲပုံးအတွင်းထည့်သွင်း၍ ချိတ်ပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံခြားကြိုတင်မဲလက်မှတ်များအား မဲပုံးအတွင်းထည့်သွင်း၍ ချိတ်ပိတ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်အတွင်းရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ေခးခရိုင်၊ မိုင်းပန်မြို့နယ် အတွင်းရှိ မဲရုံ(၂၆)ရုံအတွက် Coronavirus Diseases2019(COVID-19) ကာကွယ်ထိန်းချုပ်ရေး အမျိုးသား ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် KN 95(၁၁၈၆၀)ခု၊ Face Shield(ကိုင်း) (၁၄၀) ခု၊ Face Shield (ကော်ပြား) (၁၄၀) ခု၊ Surgical Gown (၇၀၀) ထည်၊ Medical Cap (၄၂၀) ခု၊ PPE Level-3 (၈၄)ထည်၊ Surgical Gloves (၁၆၈)ခု၊ Protective Face Mask (၁၆၈)ခု၊ Goggles(၁၆၈)ခု၊ Boot (၅၆)ခုနှင့် PPE Coverall(M) (၈၄)ခု တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေး မှူးများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်းနှင့် တာ၀န်ရှိသူများမှ အသီးသီးခွဲဝေပေးပြီးဖြစ်ကြောင်းသိရသည်။

မိုင်းယောင်းမြို့၌ ကြိုတင်ဆန္ဒမဲပေးနေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ ကြိုတင်ဆန္ဒမဲ ပေးနေမှုများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to