နတ်မောက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် အသက်(၆၀)နှင့် အထက်မဲဆန္ဒရှင်ပြည်သူ များက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမားရေး စံလမ်းညွှန်(SOP)နှင့် အညီကြိုတင် ဆန္ဒမဲများလာရောက်မဲပေး လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အနေဖြင့် မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ( ၁၄၉ )ရုံ၊ မဲဆန္ဒ နယ်အမှတ်( ၂ )တွင် မဲရုံ ( ၁၃၂ )ရုံ ၊ စုစုပေါင်း ( ၂၈၁ )ရုံ ထားရှိပြီး မဲဆန္ဒရှင်ဦးရေ (၁၉၀၀၀၀၀ )ကျော်ရှိသည့် အနက် ကြိုတင် မဲပေးသည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်အဘိုး အဘွား( ၃၁၂၀၀ )ဦးရှိပြီး နိုဝင်ဘာ(၂)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ( ၁၀၀၅၄ )ဦး လာရောက် ပေးပြီး ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ ဦးစီးအရာရှိထံ မှသိရသည်။
လှဝင်း (နတ်မောက်)