သဲကုန်းမြို့နယ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စျေးကွက် စောင့်ကြည့်စစ်ဆေးရေး အဖွဲများနှင့် ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီခွဲက အင်းမမြို့ စည်ပင်သာယာရေးစျေးအတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးမှ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှ့င်အညီ ဆောင်ရွက်ထားရှိမူ ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။