ပေါင်းတည်မြို့နယ်ရှိ ဗျက်ကြီးတောင်၊ ညောင်တန်းနှင့် ဗျက်ကြီးမြောက်ကျေးရွာ(၃)တွင် ( NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းရေးအောင်ပွဲများကျင်းပ
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ ကျေးရွာ (၂၁)ရွာအား ၂၀၂၀-ပြည့်နှစ်အတွင်း မီးလင်းနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။