စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ သဖန်းဆိပ် ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးဧရိယာများ အောင်ရေ ရ သည် အထိ ဆည်ရေပေးဝေရေးဆောင်ရွက်

သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်စနစ် ဧရိယာတွင်ပါဝင်သော ကင်းတပ် လက်ယာ တူးမြောင်း၊ ကင်းတပ် လက်ဝဲတူးမြောင်း၊ ကာဘိုးရေလွှဲဆည် ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်း ဧရိယာများတွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးလျာထားဧက (၄၂၀၀၀၀)လျာထားခဲ့ပြီး ဆည်ရေဖြင့် ဧက (၄၄၀၀၀၀)ကျော် စိုက်ပျိုးခဲ့ကာ အောင်ရေရသည်အထိ ဆည်ရေပေးဝေရန် စီမံဆောင်ရွက်လျက်ရှိကြောင်းရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှသိရှိရပါသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးမီးပွိုင့်၌ ဆောင်ရွက်ခဲ့ သည်။

ထန်းတပင်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မိုးမိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာ တွင်အဆင်ပြေချောမွေ့စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီ အချိန်တွင် မြောက်ပိုင်း ရပ်ကွက်နှင့် မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပုလဲမြို့၌ မြို့နယ်အဆင့်လုံခြုံရေး ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်း အဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ပုလဲရတနာခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်အဆင့်လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃ရက်၊မွန်းလွဲ၁နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်၌ ဆဋ္ဌမမြောက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူ(၁၅၃၆၂)ဦး ဆန္ဒမဲပေးပြီးဖြစ်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်

ဘောဂလိမြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ယနေ့နံနက် (၈) နာရီ အချိန်က မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် We Love Yangon (Kungyangon)အဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်ပစ္စည်းများအား (We Love Yangon)အဖွဲ့၏ ပံ့ပိုးကူညီမှု ဖြင့် (We Love Kungyangon)အဖွဲ့မှ မြိုင်သာယာကျေးရွာ၊ အင်းကွတ်ကျိုက်ပတ်ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၌(၂၀၂၀)ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မဲရုံများတွင် ဆောင်ရွက် နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် စတင်ထုတ်ပေး လျက်ရှိကြောင်း သိရှိရသည်။

အင်းစိန်(GTI) Quarantine Center (၁)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၅၃)ဦး နေအိမ်ပြန်ခွင့်ရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center(၁)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၅၃)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
Subscribe to