လောင်းလုံးမြို့၊ (ခ)ရပ်ကွက်တွင်မဲရုံအမှတ်(၁)၌ ကြိုတင်မဲပေးခွင့်ရှိသူများ မဲပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့(ခ)ရပ်ကွက်၊ မဲရုံအမှတ်(၁)၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၅)ဦးရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုဝင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း၌ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဈေးရောင်းချရေးလိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးနှင့် မြို့တွင်းရှိဈေးဆိုင်ခန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသည့် ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဈေးရောင်းချရေးကို မြို့စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်နှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပုသိမ်မြို့တွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲများပေး

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်မြို့တွင် အသက် ၆၀ နှစ်နှင့်အထက် အဘိုး၊ အဘွားများနှင့် ကြိုတင် မဲပေးပိုင်ခွင့်ရှိသူများသည့် အောက်တိုဘာ ၂၉ ရက်မှစ၍ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုနင်ဆန္ဒမဲများ ဆက်လက်ပေးနေကြသည်။

ညောင်ရွှေမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာ ရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာတွင် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးရမည့်နည်လမ်းများကို တစ်ဆင့်ပြီး တစ်ဆင့် သိရှိနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် စသော ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့နယ် မြောက်ပိုင်းစျေးနှင့် ချောင်းတွင်းလမ်းမကြီးဘေး၊ လမ်းသွားလမ်းလာ ပြည်သူများအားလိုက်လံဖြန့်ဝေးပေးကြသည်။

သိန္နီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်ရှိမဲရုံများအားမီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ရှိ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလ (၈)ရက်နေ့တွင် အသုံးပြုမည့်မဲရုံများသို့ မီးဘေးလုံခြုံ ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက မြို့ပေါ်(၇)ရပ်ကွက် ၊ သမှုန်းကုန်းနယ်မြေနှင့် အနီးဝန်းကျင်ရှိ မဲရုံများ၊ ရွာမွန်နယ်မြေနှင့်အနီးဝန်းကျင်ရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့တွင် (၁၀၈) ကြိမ်မြောက် သီတင်းကျွတ် တာဝတိံသာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ပူဇော်ပွဲ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မဟာဗောဓိကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၀၈)ကြိမ်မြောက် သီတင်ကျွတ်လ တာဝတိံသာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ (၁)ရက်၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ (၅)ရက်နေ့အထိ မြို့တွင်းနှင့် ဆက်စပ်သည့် မြို့အဝင်များသို့ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်သည်။

ဝိုင်းမော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန်အတွက် မဲရုံများ တာဝန်ယူကြီးကြပ်မည့် ဌာနဆိုင်ရာများအား မြို့နယ်လုံခြုံရေးနှင့်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ပေး အပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to