ကြို့ပင်ကောက်မြို့တွင် မဲရုံများမီးဘေးလုံခြုံရေးအတွက် ကြိုတင်စစ်ဆေးခြင်းများဆောင်ရွက်

ကြို့ပင်ကောက် နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင် စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာလ ၄ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ မဲရုံမှူးများနှင့် တာဝန်ရှိသူများက မဲရုံများတွင် မီးသတ်ဆေးဘူး များ ထားရှိခြင်း၊ ရပ်ကွက်များအတွင်း မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့ပေါ်(၁၀)ရပ်ကွက်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၄ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးတွင် မဲရုံပေါင်း ၉၄ ရုံ ဖွင့်လှစ်၍ ဆန္ဒမဲ ပေးခြင်းများကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)