ကြည့်မြင်တိုင်မြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား We Love Kyeemyindine အဖွဲ့မှ စားသောက်ကုန်များ အိမ်တိုင်ရာရောက်လှူဒါန်း

ကြည့်မြင်တိုင် နိုဝင်ဘာ ၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား We Love Kyeemyindine အဖွဲ့က စားသောက်ကုန်များ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
ထိုသို့လှူဒါန်းပေးရာတွင် အိမ်ထောင်စု (၁)စုလျှင် ဆန်(၆)ပြည် (၂)အိတ်၊ ဆီ (၅၀)ကျပ်သား၊ ငါးသေတ္တာ (၅)ဘူး၊ ခေါက်ဆွဲခြောက် အထုပ် (၃၀)၊ အအေးဘူး  အစရှိသော စားသောက်ကုန်များကို အိမ်ထောင်စု(၂၀၀)စုအား We  Love Kyeemyindine အဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုကို We Love Yangon လူထုအခြေပြု ပရဟိတ အသင်းကြီး၏ အဖွဲ့ခွဲ We Love Yangon –  We  Love Kyeemyindine  အဖွဲ့က ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲ၍ အလုပ်အကိုင်အခွင့်အလမ်းရှားပါးသော အိမ်ထောင်စုများအတွက် အလှူရှင်များက လှူဒါန်းသော စားနပ်ရိက္ခာများကို မျှဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
 ခိုင်ဇာလင်း (ပြန်/ဆက်)