ခရမ်းမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်အပြင်ထွက်တိုင်း(mask) တပ်ဆင်မှု အလေးထားဆောင်ရွက်ရန်နေ့စဉ် စစ်ဆေးကြပ်မတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဥ်နံနက်(၇)နာရီကမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းမရှိသူများအား  အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား  ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန်‌ နေ့စဉ်ကြပ်မတ်စစ်‌ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံများပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မဲရုံများ ပြင်ဆင်ထားရှိမှု တို့အား ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့နယ်ရှိ သဘာဝဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့နယ်မှအခြေခံပြည်သူများအတွက် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ညီနောင်အသင်းများက ကိုဗစ်ကပ်ရောဂါကာလ အတွင်းစားဝတ်နေရေးအဆင်ပြေစေရန်၊ သန့်ရှင်းလတ်

သဲကုန်းမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ယမန်နေ့က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံပြင်ဆင်စားရိတ် ထုတ်‌ပေးခြင်းများဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်နိုဝင်ဘာလ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အမှားအယွင်း မရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံပြင်ဆင်စားရိတ်များထုတ်‌ပေးခြင်းကို ယမန်နေ့ ညနေ၃နာရီ ခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား ယာယီဖွင့်လှစ်ထားသော အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံ၌ ဆောင်ရွက်ကြသည်။

တာလေမြို့၌ မိုးရွာသွန်းမှုကြောင့် တောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ဒေသခံပြည်သူများ၏ အဓိက စီးပွားရေးမှာ စပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း တောင်သူများ စိုက်ပျိုးထားသော လယ်ယာစပါးများ ရိတ်သိမ်းနေချိန် ယခုရက်ပိုင်း၌ မိုးရွာသွန်းမှုကြောင့် တောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ‌ ကျေးရွာအုပ်စု(၃)အုပ်စုမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်‌နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျီကြီးကျေးရွာအုပ်စု၊‌‌ တူး‌မြောင်းကျေးရွာ၊ စီပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာနှင့်‌ ကျောင်းကွင်း ကျေးရွာအုပ်စု၊ အကျကွင်းကျေးရွာတို့တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူ‌နေအိမ်‌နှင့် အိမ်ထောင်စုဝင် များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့် စင်တာ (၆)ခု ဖွင့်လှစ်ထားရှိပြီ
Subscribe to