သံဖြူဇရပ် နိုဝင်ဘာ ၄
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀) နှစ် နှင့် အထက် ကျန်းမာရေးမကောင်း၍ ကြိုတင်မဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအား နိုဝင်ဘာ (၃) ရက်မှ စတင်ကာ အိမ်တိုင်ရာရောက် ကြိုတင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးနေကြောင်းသိရသည်။
အဆိုပါ ရွေ့လျားမဲရုံစနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ရပ်ကွက် / ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သက်ဆိုင် ရာပါတီကိုယ်စားလှယ်များပါဝင်သောအဖွဲ့များက အသက် (၆၀)နှစ်နှင့် အထက်ကျန်းမာရေးမကောင်း ၍ ကြိုတင်မဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင် (၄၀၀) ကျော်အား ရွေ့လျားဆန္ဒမဲပေးစနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက် ပေးခဲ့ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)