နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း NEPစီမံကိန်း(ICB-4) ဖြင့် ကျေးရွာပေါင်း (၂၀)ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ်အတွင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်NEPစီမံကိန်း (ICB-4)ဖြင့် ကျေးရွာပေါင်း(၂၀)ရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးလက် မီးလင်းရေးလုပ်ငန်းကိုကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်

မင်းလှမြို့နယ်တွင် ဆန္ဒမဲပေးရန်အတွက် မဲလက်မှတ်၊ မဲစာရင်း နှင့်ပစ္စည်းများထုတ်ပေး

၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ်‌မြေများအတွင်း ဆန္ဒမဲပေးနိုင်‌ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေးခြင်းကို နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

မြို့နယ်ပညာရေး မိသားစုမှတကူစံပြတိုက်နယ်ဆေးရုံသို့ အဝီစိတွင်းတူးဖော်ရန်အတွက် ငွေကျပ် (၅)သိန်း လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာဖေးကူညီမှု အသင်းမှ တာဝန်ရှိသူများက ယမန်နေ့က တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ (စံပြ) တိုက်နယ်ဆေးရုံတွင် အဝီစိတွင်းတူးဖော်ရန်နှင့်အခြားလိုအပ်သည့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အလှူငွေ(၅သိန်း)ကျပ်ကို တကူ(စံပြ) တိုက်နယ်ဆေးရုံ ရုံးခန်းအတွင်း တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်ထံ လှူဒါန်းပေးကြောင်း သိရှိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်ရေး ကြပ်မတ် စစ်ဆေး အရေးယူလျက်ရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ‌နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူး ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်စေရေးအလေးထား လိုက်နာမှုရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အသိပညာပေးခြင်း၊ စည်းကမ်း လိုက်နာမှုမရှိသူများအား

ပန်းတနော်၌ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများကို ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများနှင့် နာမကျန်းသူများ လွယ်လင့်တကူ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ လိုက်လံကောက်ယူလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများက ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ ကြသည်။

ဂန့်‌ဂေါမြို့တွင် မျိုးစေ့ထုတ်စပါး စံကွက်ရိတ်သိမ်း

ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ် - ၁၉ ကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအစီအစဉ်အရ စိုက်ပျိုးထားသော ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်း သိရှိနိုင်ရန်အတွက် စပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း ကို နိုဝင်ဘာလဆန်းမှစတင်ကာ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး‌ရေး ဦးစီးဌာနမှ သိရသည်။

ဇလွန်မြို့နယ်တွင်မဲရုံများ မီးဘေးအန္တရာယ်လုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Subscribe to