ရှမ်းရွာသစ် နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ဆင်းသုခမျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်ရိတ် သိမ်းခြင်းကို ယနေ့နံနက်ပိုင်း (၉) နာရီအချိန်ခန့်က ကွီးလေးကျေးရွာရှိ တောင်သူ ဦးတိုးဝင်းပိုင်လယ်မြေ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဦးတိုးဝင်းပိုင်လယ်မြေတွင် စိုက်ပျိုးထားသော ဆင်းသုခ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်(၅) ဧကအား ရိတ်သိမ်းခဲ့ရာ စပါးအစိုထွက်နှုန်း တစ်ဧကလျှင် (၈၅)တင်း ထွက်ရှိပြီး ဆင်းသုခမျိုးကောင်း မျိုးသန့် စပါးအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လာမည့်နှစ် မိုးစပါးပြန်လည်စိုက်ပျိုးချိန်တွင် ဖြန့်ဝေ ပေးသွား မည်ဖြစ်သည်။
အဆိုပါ ဆင်းသုခမျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ ခရိုင်မျိုးစေ့ထုတ်တာဝန်ခံ ဒေါ်ခင်သန်းအေးနှင့် အဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကြည်ဝင်း၊ ရှမ်းရွာသစ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)