ဆီဆိုင်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် ၂ နှစ်အောက်ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။