ချောက်မြို့နယ်၌ မဲရုံများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေ

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဗဟိုက မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်မဲရုံများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်း (၁၀)မျိုးကို ချောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်၊ကျေးရွာ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာ၀န်ရှိသူများ ထံသို့ ဖြန့်‌ဝေပေးလျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေး

မင်တပ်မြို့နယ်အတွင်းရှိ မဲရုံ (၁၁၆) ရုံအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှပေးပို့လှူဒါန်းသော ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ခွဲဝေထုတ်ပေးခြင်းကို ယနေ ့နံနက် (၉) နာရီအချိန်တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အ.ထ.က(၄)၊ Quarantine Centre အမှတ်-၃ ရှိ Quarantine ဝင်ရောက်သူများနှင့် Volunteers များအား ထမင်းဘူး(၁၅၀)ဘူး လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ အ.ထ.က (၄) ကျောင်း၊ Quarantine Centre အမှတ်-၃ တွင် Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် ထမင်းဘူး (၁၅၀)ဘူးအား ယမန်နေ့ နံနက်ပိုင်းအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲ တွင်မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိမဲရုံများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အားကစားစာအုပ်များနှင့် အားကစား ပစ္စည်းများ လာရောက်လှူဒါန်း

မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနက အားကစားစာအုပ်များနှင့် အားကစားပစ္စည်းများ လာရောက် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှင်ခေါင်းစည်း(Mask)များ အခမဲ့ဖြန့် ဝေခြင်း နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့ရှိ မြို့တွင်းလမ်းဆုံ၊ အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု မှူးရုံး(ဂန့်ဂေါ)ရှေ့ လမ်းဆုံ၊ သာသနာ့ဗိမာန်ရှေ့လမ်းဆုံနှင့် ဂန့်ဂေါမြို့ မြို့အဝင်/မြို့အထွက် စစ်ဆေးရေးဂိတ်တို့တွင် ယနေ့နံနက် (၈:၃၀)နာရီမှ(၁၀)နာရီထိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မောက်မယ်မြို့နယ် ပန်းတန်ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများ ပြင်ဆင်မှုအခြေအနေများအား တာ၀န်ရှိသူများ ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင်မြင်စေရေးအတွက် ပန်းတန်ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်ထားရှိသည့် မဲရုံ(၅)ရုံသို့ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်အတွင်းရှိ စီမံကိန်းလုပ်ငန်းများအား ခရိုင်ကျေးလက်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ စီမံကိန်းလုပ်ငန်းများအား ယနေ့နံနက် ၈နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုး(Positive)တွေ့ရှိသူ(၁၅၈)ဦးနှင့် သေဆုံးသူ(၄)ဦးထိရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စက်တင်ဘာလ(၁၃)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိခဲ့ပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ(၁၅၈)ဦးရှိ၍ သေဆုံးသူ(၄)ဦးရှိ သွားပြီဖြစ်ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ(၁၃၅)ဦးရှိ‌ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် (၄) မိုင်ကျေးရွာ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးခန်း၌ ယနေ့နံနက်ပိုင်းက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to