မြန်အောင်မြို့နယ်တွင် မဲရုံများ မီးဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင် ၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးကိုကိုသူနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။