မောက်မယ်မြို့နယ် ပန်းတန်ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများ ပြင်ဆင်မှုအခြေအနေများအား တာ၀န်ရှိသူများ ကွင်းဆင်း စစ်ဆေး

မောက်မယ် နိုဝင်ဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင်မြင်စေရေးအတွက်  ပန်းတန်ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်ထားရှိသည့် မဲရုံ()ရုံသို့ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက  ယမန်နေ့နံနက် ၁၀ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦး၊   မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပန်းတန်ကျေးရွာအုပ်စု အတွင်းရှိ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အသက်(၆၀)နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှု  အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲအဖွဲဝင်များနှင့် မဲရုံအဖွဲ့င်များအား တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)