မောက်မယ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင်မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိမဲရုံများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဟိန်းလင်းထိုက်နှင့် မီးသတ် တပ်ဖွဲ့ဝင်များက မဲရုံများတွင် မီးဘေးလုံခြုံရေးပစ္စည်းများထားရှိမှုအခြေအနေအား စစ်ဆေးပြီး မဲရုံမှူးများနှင့် အဖွဲ့ဝင်များအား မဲရုံများတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်ပုံအဆင့်ဆင့်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အသိပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)