သပိတ်ကျင်း နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် (၄) မိုင်ကျေးရွာ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးခန်း၌ ယနေ့နံနက်ပိုင်းက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် (၄) မိုင်ကျေးရွာအတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင် ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး စသည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပုံမှန် လစဉ်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ၊ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို (၇)မိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်စန္ဒာထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သပိတ်ကျင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်း တို့မှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း (ပြန်/ဆက်)