ချောက် နို၀င်ဘာ ၄
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဗဟိုက မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်မဲရုံများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်း (၁၀)မျိုးကို ချောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်၊ကျေးရွာ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာ၀န်ရှိသူများ ထံသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်တွင် မဲရုံပေါင်း (၂၅၈)ရံရှိပြီး မဲရုံတစ်ရုံအတွက် Surgical Glove လက်အိတ် ၅စုံ၊ Surgical Gown ၀တ်ရုံ ၂စုံ ၊PPE(3)၂စုံ၊ Protective Mask ၅ခု၊ Face Shield ၂ခု၊ PPE Coverall ၄ခု၊ Cap ၁၀ခု၊ Goggles မျက်မှန် ၅ခု၊ Boot ၂ရံ၊ 95 Mask က မဲဆန္ဒရှင်ဦးရေ၏ ၀ ဒဿမ ၈ ရာခိုင်နှုန်း ခွဲဝေပေးမှုကို ချောက်မြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးညွန့်၀င်းထူး နှင့်၀န်ထမ်း များက တာ၀န်ယူဖြန့်ဝေပေး နေကြောင်းသိရသည်။
မချို(ပြန်/ဆက်)