ထန်းတပင်မြို့နယ် ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေး နိုင်ရန် ဆောင်ရွက်ထားရှိ ပြီးသော ကျေးရွာအုပ်စု မဲရုံများအား ယနေ့ နံနက် (၉)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ သည်။

နမ္မတူမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူ

နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေး ဆင့်ပွား သင်တန်းကို ယမန်နေ့က ကဒီကံ၊ ထန်းတပင်၊ ဝင်းဖရ၊ ဘီးစကတ်၊ ပတ၊ တာပေါင်ကျေးရွာများတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ် ကျေးရွာအုပ်စုများ၌ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုင်းမင်းမင်းထွေး တို့နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူပေါင်း (၁၅၃၉၈) ဦးရှိ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးခြင်း ကာလ အောက်တိုဘာ(၂၉)ရက်နေ့မှစတင်ပြီး အသက်(၆၀)နှစ်နှင့်အထက်ရှိသူများနှင့်ရွေးကောက်ပွဲ တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲကိုသက်ဆိုင်ရာရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက် ဆန္ဒမဲ ပေးလျက်ရှိကာ နိုဝင်ဘာ ၃ ရက်နေ့အထိ ဆန္ဒမဲလာရောက်ပေးသူပေါင်း (၁၅၃၉၈)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းမြို့တွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သူများ ကျန်ရှိမှုမဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များက အသိပေးဆော်ဩပေး

စစ်ကိုင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သူများကို အောက်တိုဘာ(၂၉)ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်များရှိ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများမှ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိခဲ့ရာ ယမန်နေ့ ညနေ(၅)နာရီက ပန်းဘဲတန်း ရပ်ကွက် အတွင်း ကြိုတင်ဆန္ဒမဲပေးမည့်သူများကျန်ရှိမှုမဖြစ်ပေါ် စေရေးအတွက် လိုက်လံဆော်ဩပေး လျက်ရှိ ကြောင်းသိရသည်။        

ကမာရွတ်မြို့နယ်တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု mask campaign အဖြစ် နှာခေါင်းစည်း Mask များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေခြင်းကို လှည်းတန်းလမ်း၊ လှည်းတန်းစျေးရှေ့တွင် ခရီးသွားပြည်သူများနှင့် ယာဥ်မောင်းများအား ယနေ့ နံနက် (၁၀) နာရီအချိန်မှ ၁၁ နာရီခွဲအချိန်အထိ ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၁)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြု

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသ ခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံသုံးပစ္စည်းများ စနစ်တကျထုတ်ပေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်း များကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးခဲ့ရှိကြောင်း သိရသည်။

နောင်ချိုမြို့၌ မဲလက်မှတ်များ မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးသုံး ပစ္စည်းများ ထုတ်ပေး

ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပါတီ စုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to