ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ အ.ထ.က (၄) ကျောင်း၊ Quarantine Centre အမှတ်-၃ တွင် Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် ထမင်းဘူး (၁၅၀)ဘူးအား ယမန်နေ့ နံနက်ပိုင်းအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးအောင်ကြည်နှင့် ဒေါ်ယဉ်ယဉ်လှ မိသားစုက နံနက်စာ ထမင်းဘူး(၁၅၀)ဘူးအား လာရောက်လှူဒါန်းရာ Quarantine Centre အမှတ်-၃ ကြီးကြပ်ရေး တာဝန်ခံ အမှတ်(၉၃) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကြည်က လက်ခံရယူ၍ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် Quarantine Centre (၃)ခု ရှိပြီး အ.ထ.က (၄)ကျောင်းရှိ Quarantine Centre အမှတ်-၃ အတွက် လှူဒါန်းလိုပါက ဖုန်း ၀၉-၅၁၂၅၆၈၀ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)