မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၁ နာရီခွဲက ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

တာမွေမြို့နယ်ရှိ Community Based Facilities Quarantine Centre များအတွက် လိုအပ်နေသည့် PPE ဝတ်စုံများနှင့် အလှူငွေများအား ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော Community Based Facilities Quarantine Centre များအတွက် လိုအပ်နေသည့် PPE-Level (3)ဝတ်စုံများနှင့် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့်

ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ကြိုတင်မဲပေးနေမှုများနှင့် မဲရုံပြင်ဆင်ထားရှိမှုများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများနှင့် ရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ခရိုင်အုပ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်းတို့က ယနေ့နံနက် ၁၉ နာရီခွဲ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အောင်လံမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် စေ့စပ်ညှိ့နှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ၊မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပသည်။

ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်သဖြင့် ရေတာရှည်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးရမည့်နည်းလမ်းများ သိရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်စျေးနှင့် မြို့တွင်း လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ် ခြေမြစ်ပင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ရင်း ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့သူ၏ မိသားစုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ရင်း နိုဝင်ဘာလ၂ရက်နေ့က ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့သည့် ယာဉ်ထိန်းရဲအရာခံ ဦးယွမ်းမောင်း၏ မိသားစုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ၎င်းတို့၏ နေအိမ်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်၌ ကိုဗစ်-၁၉ ကာလ Home Garden စိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့၊ မြေဩဇာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ မိမိနေအိမ်၌ ဟင်းသီးဟင်းရွက်သီးနှံများ ကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်ရန်အတွက် ဟိုပန်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ သီးနှံမျိုးစေ့များနှင့် မြေဩဇာအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဟိုပန်မြို့လယ်အဝိုင်းတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to