ကျောက်ဆည် နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအောင်ကြည်ရှိန်က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေကောက်ပွဲ နီးကပ်လာပြီဖြစ်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသက် (၆၀) နှစ်အထက် သက်ကြီးအဘိုးအဘွားများ၊ မဲရုံလုံခြုံရေး တာဝန်ဆောင်ရွက်ကြရမည့်သူများ၊ မသန်စွမ်းသူများ ကြိုတင်ဆန္ဒမဲ ပေးနေမှုများနှင့် မဲလက်မှတ်များ စနစ်တကျထိန်းသိန်းရေး၊ သတင်းများရယူရာတွင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရယူစေရေး၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လမ်းညွန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်စေရေး၊ အပူချိန်များ တိုင်းတာ ပေးရေးတို့ကို စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင်ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဟိန်းမှ ကျောက်ဆည် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား မြို့နယ်များအတွင်း ရွေးကော်ပွဲဆိုင်ရာလုပ်ငန်းများ အနီးကပ်ကြီးကြပ်နိုင်ရန် အဖွဲ့(၄)ဖွဲ့ခွဲကာ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း မဲရုံများလုံခြုံရေး၊ ကြိုတင်ဆန္ဒမဲ များပေးနေမှုများ၊ မဲရုံများ ပြင်ဆင်ဆောင်ရွက်မည့်အစီအမံများ၊ မဲရုံမှ ကိုက် (၅၀၀) အတွင်း အလံများမြင်သာ အောင်စိုက်ထူ ဆောင်ရွက်ထားရေး လုပ်ငန်းများကိုအားထည့်၍ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ မိမိတာဝန်ကျရာ နယ်မြေများအလိုက် ကွင်းဆင်း ဆောင်ရွက်မည့်အစီအမံများ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)