မြန်အောင် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုသူနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများတွင် မတော်တဆ ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှတဆင့် ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ် တို့ဖြစ်ပွားလာပါကအချိန်မီ ငြိမ်းသတ်နိုင်ရန်စီစဉ်ထားရှိမှုအား စစ်ဆေးခဲ့ကြသည်။
ထိုနောက် ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်မှ မြန်အောင်မြို့နယ် အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဆန္ဒမဲပေးသည့်ကာလအတွင်း မီးဘေးလုံခြုံရေး အထူးအလေးထား ဆောင်ရွက်ကြရန်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မဲရုံစောင့်ရာတွင် စနစ်တကျရှိစေရန် မှာကြား၍ Mask များနှင့် အရန်မီးသတ်ဘက်တံဆိပ်များ ပေးအပ်ခဲ့ပြီး မင်းကန်ကြီးမဟာစည် သာသနာ့ရိပ်သာသို့ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ကြက်သွန်များ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)