ပန်းတနော်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ​နော်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန်အတွက် မဲရုံများတွင် တာဝန်ယူကြီးကြပ်မည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ကျောက်တလုံးကြီးမြို့၌ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးနှင့် မဲရုံကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရုံးခန်းမ၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗန်းမော်ခရိုင်အုပ်ချုပ် ရေးမှူး ဦးထွေးမြင့် ၊ မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဒေါ်သိမ့်သိမ့်ထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီခန့်က မိုးမောက်မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၈ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ကွတ်ခိုင်မြို့၌ ကြိုတင်ဆန္ဒမဲပေးနေမှုများနှင့် မဲရုံပြင်ဆင်ထားရှိမှုအ‌ခြေအနေများကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများနှင့် ရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထောက်ကြန့် မြို့ရှောင်လမ်း ဧကရာဇ်ရပ်ကွက်တွင် ပန်ကာအပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြို့ရှောင်လမ်း ကျူးကျော် ရပ်ကွက်တွင် ယနေ့နံနက် (၀၅:၄၂) အချိန်ခန့်က ပန်ကာအပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထောက်ကြန့်နယ်‌‌ မြေရဲစခန်းမှ သိရသည်။

အုတ်ဖိုမြို့နယ်တွင် သက်ဆိုင်ရာမဲရုံများအတွက် မဲလက်မှတ်များထုတ်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာမဲရုံများအတွက် မဲလက်မှတ်များကို ယနေ့ နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံး ပစ္စည်းများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိသည်။

ကျောက်မဲ၌ မဲရုံတွင် တာဝန်ကျမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရာ၌ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍မဲရုံများ၌ တာဝန်ထမ်းဆောင်ရမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က Social Distancing အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ မဲရုံ ၁၃၉ ရုံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ ၁၃၉ ရုံ၌ တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများထံဖြန့်ဝေရန် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လည် ၁၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ဖြန့်ဝေပေးခဲ့သည်။
Subscribe to